နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်း
နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်း ဝက်ခြံဆိုတဲ့ အမျိုးဟာ တစ်နေရာတည်းမှာ ဘယ်တော့မှ ထွက်လေ့မရှိပါဘူး။ ကိုယ်ခန္ဓာ နေရာတော်တော်များများမှာ ထွက်လေ့ရှိပြီး အများဆုံးကတော့ မျက်နှာမှာပဲ ဖြစ်ပါတယ်။ မျက်နှာမှာတောင်မှနဖူးဆို နဖူး၊ နှာခေါင်းဆို နှာခေါင်း တစ်နေရာတည်း စည်းကမ်းရှိရှိ ထွက်တာမျိုး မဟုတ်ဘဲ ဟိုနေရာမှာပေါက်လိုက် ဒီနေရာမှာ ပေါက်လိုက်နဲ့တော်တော်ဆိုးတဲ့ဝက်ခြံ တွေပါ။ ဒီတော့ ဘာ့ကြောင့် ဒီလိုမျိုး မျက်နှာအနှံ့ ဝက်ခြံတွေ ထွက်ရတာလဲ။ နေရာအလိုက်ပေါက်တဲ့ဝက်ခြံတွေနဲ့ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်းများ နဖူး နဖူးမှာ ပေါက်တဲ့ဝက်ခြံအများစုရဲ့ တရားခံဟာ ဆံပင်ပဲ ဖြစ်ပါတယ်။ ဆံပင်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေ ဖုန်တွေနဲ့ချွေးပေါက်တွေထဲမှာ ရှိတဲ့ အဆီတွေ ရောသွားတဲ့အခါ ဝက်ခြံစပြီးဖြစ်လာပါတော့တယ်။ စိတ်ဖိစီးမှုများတဲ့အခါ မှာလည်း နဖူးပေါ်မှာ ဝက်ခြံတွေ ပေါက်လာလေ့ရှိပါတယ်။ စားလိုက်တဲ့အစားအစာတွေထဲမှာ အဆီပါဝင်မှုနှုန်းများနေခြင်းကလည်း နဖူးပေါ် ဝက်ခြံပေါက်စေတဲ့အကြောင်းအရင်းတစ်ခုပါ။ နောက်ဆုံးတစ်ခုကတော့ နဖူးပေါ် ပေါက်တဲ့ဝက်ခြံတွေနဲ့ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ကလည်း ဆက်စပ်နေတယ်ဆိုတာပါပဲ။ ad : ဝက်ခြံပ...